နေ့ စွဲ။ ဒီဇင်ဘာလ (၆) ရက်။
လွန်ခဲ့သည့် နိုဝင်ဘာလ အလယ်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းရေးတပ်တို့ အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက်၊ စစ်ကောင်စီ၏ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်စခန်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကျေးရွာပေါင်း (၃၀) ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရပါသည်။
မွန်ပြည် ဖက်ဒရယ်ကောင်စီ၏ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနမှ ကျိုက်မရောမြို့ နယ်ရှိ ပြည်သူလူထုပေါင်း ၅၀၀-၁၀၀၀ ဝန်းကျင်အား ဆန်အပါအဝင် စားနပ်ရိက္ခာအကူအညီများ ကူညီနိုင်ကြောင်း သိရှိရသည်။ စားနပ်ရိက္ခာအကူအညီအပြင် အမျိုးသမီးအသုံးအဆောင်များ၊ ကလေးသူငယ်ပစ္စည်းများကိုလည်း ပံ့ပိုးနိုင်ခဲ့သည်။
စစ်ကောင်စီ၏ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်စခန်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့ နယ်အတွင်း ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ ပျက်စီးသွားသည်ကိုလည်း တွေ့ ရပါသည်။
မွန်ပြည်နယ်ရှိ မိဘပြည်သူများအနေဖြင့် မွန်ပြည် ဖက်ဒရယ်ကောင်စီ၏ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနသို့ ဆက်သွယ်လိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။
ဖုန်း။ +66 6 2051 2997
တယ်လီဂရမ်။ +66 6 2051 2997
Email: [email protected]
သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန
မွန်ပြည်ဖက်ဒရယ်ကောင်စီ
Website – https://msfc-mon.org
FB Page – Mon State Federal Council – MSFC
Youtube – https://www.youtube.com/@MonMSF







