မော်လမြိုင်၊ ဧပြီ ၉ ရက်။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီဝင်၊ ပြည်ထဲရေးဌာနမှ ဌာနမှူး နိုင်ပညာမာန်နှင့် အဖွဲ့သားများသည် အမှတ် (၈) ပြည်ထောင်စုလမ်းမ၊ ရေး-ထားဝယ်ကားလမ်းပိုင်းတွင် ခရီးသွားပြည်သူများအား တွေ့ဆုံခဲ့သည်။
ထို့နောက် ခရီးသွားပြည်သူလူထုအား လုံခြုံရေးအတွက် သတိပြုရမည့် အချက်များ ရှင်းလင်းပြောကြားခဲ့ပြီး လမ်းခရီး သတိထားသွားလာကြရန်နှင့် တော်လှန်ရေးအင်အားစုများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းပေးသွားရန်လည်း မေတ္တာရပ်ခံကာ တော်လှန်ရေးနှိုးဆော်စကားများ ပြောကြားခဲ့သည်။
အမှတ် (၈) ပြည်ထောင်စုလမ်းမ၊ ရေး-ထားဝယ်ကားလမ်းပိုင်းတွင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများ လုံခြုံရေးရယူနေစဉ်အတွင်း ပြည်ထဲရေးဌာနမှ ခရီးသွားပြည်သူများနှင့်တွေ့ဆုံကာ စကားပြောဆိုခဲ့ခြင်းဖြစ်သည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ပျက်သုဉ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေသည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်အခြေပြု နိုင်ငံရေး အစုအဖွဲ့တခုဖြစ်သည်။
သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန
မွန်ပြည်ဖက်ဒရယ်ကောင်စီ
နှစ်သစ်မင်္ဂလာ ဆုတောင်းစကား
ယခုနှစ်သစ်အချိန်အခါ သမယမှာ မွန်ပြည်သူများအပါဝင် ပြည်ထောင်စုအတွင်း ပြည်သူပြည်သားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ရောဂါဘယအပေါင်းမှ ကင်းဝေးကြပြီး မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကြောင်း ဦးစွာ ပဏာမနူတ်ခွန်းဆက်ဂါရဝပြုလိုက်ရပါတယ်ရှင့်... လက်ရှိ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်သို့ ကျရောက်ခဲ့ရပြီး သင်္ကြန်၏ အနှစ်သာရကို...