မင်္ဂလာပါရှင်… နှစ်သစ်အခါသမယတွင် ပြည်သူလူထုအပေါၚ်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ဘေးဘယာ ကင်းဝေးနိုင်ကြပါစေကြောင်း ကျမတို့ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနမှ ဦးစွာ ပဏာမ ဆုတောင်းမေတ္တာပို့သပါရစေ။
ကျမတို့ လူသားချင်းစာနာမှုနှင့်ကယ်ဆယ်ရေးဌာနအနေဖြင့် မွန်ဒေသမှ ဂျိုင်းမြစ်ဝှမ်း မီးလောင် ပြာကျ ဆုံးရှုံးခဲ့ရသည့် အဖြစ်အပျက်များကို သင်ခန်းစာယူကာ သတိကြီးစွာ မူပြီး၊ မွန်ပြည် ကံကြမ္မာ မွန်ဖန်တီးနိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး ကဏ္ဍများအတွက် အဆပေါင်း များစွာ စုပေါင်းကြိုးစား ရုန်းကန်ကြရမည်ဖြစ်သည်။ ကျွန်မအနေဖြင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် စားနပ်ရိက္ခာ ထောက်ပံ့ရေးလုပ်ငန်းများကို အစွမ်းရှိသမျှ ကြိုးစားလုပ်ဆောင် နေပါသည်။ မွန်ပြည်သူပြည်သားများ၏ အသက်အိုးအိမ်နှင့် စားဝတ်နေရေး အရေးပေါ် ပဋိပက္ခ ကြုံလာချိန်တွင် အရေးပေါ် ဝန်ဆောင်မှုများ လူသားချင်းစာနာထောက်ထားမှုများ အချိန်မှီ ဝန်ဆောင်မှု ပေးနိုင်ရန် ကြိုးစား လုပ်ဆောင်နေသလို ရေရှည်စနစ်ကျသော အုပ်ချုပ်ရေးပုံစံ တစ်ရပ်အနေဖြင့် ဖော်ဆောင်ပြီး ဝန်ဆောင်မှုများပေးနိုင်ရန်လည်း မူဝါဒများရေးဆွဲကာ မဟာဗျူဟာ ချမှတ် လုပ်ဆောင်သွားနိုင်ရန်အတွက်လည်း ကြိုးစားနေပါသည်၊။
ယခုနှစ်သစ်မှစ၍ အားအင်အပြည့်ဖြင့် မွန်ပြည်သူလူထုများ၊ အမျိုးသမီးများနှင့်အတူ တော်လှန်ရေး အောင်မြင်နိုင်ရန် ပူးပေါင်းပါဝင်လုပ်ဆောင်ကြပါစို့လို့ တိုက်တွန်း လိုက်ရပါသည်။ ပြည်သူပြည်သား အားလုံး ဘေးကင်းလုံခြုံကြပါစေ။ တော်လှန်ရေး မုချအောင်ရမည်။
မိသုတဇဝ် (မိသုတဂျော်)
ဌာန ဓရ်ဗစာရဏာမၞိဟ် ကေုာံ ဟံၚ်ပြာ်၊ လူသားချၚ်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန
ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန်၊ မွန်ပြည်ဖက်ဒရယ်ကောၚ်စီ