ယခုနှစ်သစ်အချိန်အခါ သမယမှာ မွန်ပြည်သူများအပါဝင် ပြည်ထောင်စုအတွင်း ပြည်သူပြည်သားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ရောဂါဘယအပေါင်းမှ ကင်းဝေးကြပြီး မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကြောင်း ဦးစွာ ပဏာမနူတ်ခွန်းဆက်ဂါရဝပြုလိုက်ရပါတယ်ရှင့်…
လက်ရှိ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်သို့ ကျရောက်ခဲ့ရပြီး သင်္ကြန်၏ အနှစ်သာရကို မခံစားရဘဲ စိတ်နှလုံး ညိုးနွမ်းကာ၊ အကြောက်တရားဖြင့် ဖိနှိပ်ခံနေရသည်မှာ ယခုဆို သုံးနှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင် လက်အောက်မှ လွှတ်မြောက်အောင် ကျွန်မတို့ MFSC ကျန်မားရေးဌာန အနေဖြင့် ပြည်သူလူထုနှင့်အတူ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကာ နည်းလမ်းမျိုးစုံဖြင့် အာဏာရှင်ကို စနစ်တကျ တွန်းလှန် တိုက်ထုတ်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာ ပြုပါသည်။ ကျန်းမာရေးဌာန အနေဖြင့်လည်း ပြည်သူလူထုအတွက် ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသော ကျန်းမာရေးစနစ် ပေါ်ပေါက်လာရန်နှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။ ကျွန်မတို့ လက်တွဲညီညီ တွန်းလှန်တိုက်ထုတ်နိုင်မှသာ ပျော်ရွှင်ဖွယ် ကောင်းသော သင်္ကြန်၏ အနှစ်သာရကို ရရှိခံစားရမည် ဖြစ်ပါသည်။ သို့ပါသောကြောင့် တော်လှန် သင်္ကြန်နှင့်အတူ အောင်မြင်သော အနာဂတ်များဆီသို့ လျှင်မြန်စွာ ရောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်။ တော်လှန်ရေး မုချ အောင်ရမည်။
မိမ္ၚဵုသဇင် (မိမငေးသဇင်)
ဌာနပရေင်ထတ်ယုက်၊ ကျန်းမာရေးဌာန
ကံင်ဇြဳဖေဝ်ဒရေဝ်ဍုင်မန်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ