ရက်စွဲ – ၂၀၂၄၊ ဧပြီလ (၂၃)ရက်
၂၀၂၄ ခုနှစ် ဧပြီလ (၂၂) ရက်နေ့ တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ ပထမကြိမ် တွေ့ ဆုံခဲ့ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ကောင်စီဝင် (၉) ဦး၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေး စစ်ရေး ဦးဆောင်အဖွဲ့ (၆) ဦး တက်ရောက်ခဲ့သည်။
ပထမအကြိမ်တွေ့ဆုံမှုမှ အောက်ပါအတိုင်း သဘောတူညီချက်များ ရရှိခဲ့ပါသည်။
(၁) NMSP-AD နှင့် MSFC တို့သည် နိုင်ငံရေး၊ စစ်ရေး၊ လူမူကယ်ဆယ်ရေး အပါအဝင် အခြား ကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းအကောင်အထယ်ဖော်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်သွားမည်။
(၂) ပူးပေါင်း အကောင်အထယ်ဖော်ရမည့် လုပ်ငန်းများ နှစ်ဦးနှစ်ဖက် ဆက်လက် ဆွေးနွေးနိုင်ရန် “လုပ်ငန်းညှိနှိုင်းရေးအဖွဲ့” ဖွဲ့စည်းသွားမည်။
လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ မှ ညှိနှိုင်းသဘောတူညီမှု ရရှိသောလုပ်ငန်းများကို မွန်ပြည်သူများနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများသို့ ပုံမှန် တင်ပြသွားမည်ဖြစ်သည်။
မွန်ပြည်သစ်ပါတီ မွန်ပြည်ဖက်ဒရယ်ကောင်စီ
(စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) (MSFC)
ဆက်သွယ်ရန်
နိုင်မွန်စိုင်း (MSFC) Signal: +66813659140
မိရော့ချမ်း Email: [email protected]